Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။   “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: စမ်းချောင်းက PDF ခေါင်းဆောင်ဖမ်းမိတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

စမ်းချောင်းမှ ဖမ်းမိတဲ့ PDF  ခေါင်းဆောင်အဖြစ် အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီပေါ်နေတဲ့ အင်္ကျီအနီဘောင်းဘီ အဖြူဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး ဓာတ်ပုံကိုဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။   “ရန်ကုန်တိုင်းသေဒကြီး စမ်းချောင်းမှဖမ်းမိတဲ့ PDF ခေါင်းဆောင်ပါဗျ သူ့ရဲ့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ တွေက်ိုလည်း ရှိုးလိုက်ပါအုံးတစ်ချက်လောက်”လို့ရေးသားပြီး “မြေလတ်သား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Google မှာဓာတ်ပုံရှာနည်အသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့မှုပုံစံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အောက်ပါအတိုင်း အင်တာနက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ရှာဖွေတွေ့ရှိတဲ့ ရလာဒ်တွေထဲက အစောဆုံးပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို ဆန်းစစ်ကြည့်ရာမှာ “Pahina ni […]

Continue Reading

Fact Check: Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လူမဆန်တဲ့ ပစ်ခတ်မှုလို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ၁၅ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ လူနေအိမ်တွေ‌ ပေါ်မှာ ကောင်းကင်ကလာတဲ့ လက်နက်ကြီးထိမှန်ပေါက်ကွဲနေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပျံ့နှံ့လာချိန်ဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက လုံလဲရ်(Lungler) ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက စစ်တပ်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်မှု နဲ့လည်း တိုက်ဆိုင်နေပါတယ်။  သို့သော်လည်း ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီယိုဖိုင်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။   “စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကပြစ်ခတ်မှု စစ်ကောင်စီရဲ့လူမဆန်စွာပြည်သူတေနှိပ်စက်တဲ့ ဗီဒီယိုဖိုင်”လို့ရေးသားပြီး “Tin Myint Aung”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်း […]

Continue Reading