Fact Check: မင်းတပ်ကို ထိုးစစ်ဆင်မှုအဖြစ်ဖော်ပြနေတဲ့ ဒီဓာတ်ပုံတွေက မင်းတပ်နဲ့ သက်ဆိုင်ခြင်းမရှိပါ
နိုင်ငံတကာသိအောင်ဖြန့်ဖို့လိုနေတဲ့ မင်းတပ်မြို့ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ဓာတ်ပုံတွေအဖြစ် ရဟတ်ယာဉ်တွေ ပျံ့ဝဲနေပုံ၊ မြေပြင်မှာ မီးလောင်နေပုံ၊ တောအုပ်တစ်နေရာမှာ လူတွေရောက်နေပုံတွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံအချို့ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဓာတ်ပုံတွေဟာ မင်းတပ်မြို့နယ်မှာ စစ်တပ်ထိုးစစ်ဆင်မှုနဲ့လည်းသက်ဆိုင်ခြင်းမရှိပါဘူး။ “Thein Htun” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက စက်တင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်း ရေးသား မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ် အရေအတွက် ၁ ထောင် ၃ ရာရှိပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link | Archive […]
Continue Reading