Fact Check: ထန်တလန်ကစစ်ရှောင်တွေရဲ့ ဓာတ်ပုံလား-မဟုတ်ပါ

 ထန်တလန်မြို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းပြန်လည်မျှဝေလျှက်ရှိပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ထုခဲ့ပြီး နောက် မီးလောင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အောက်တိုဘာ၂၉ ရက်က လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒီလိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင် တွေပုံဖြစ်ပါတယ်။ “ထန်တလန်မြို့ကို စွန့်ခွာနေကြရသည့် ကျတော်တို့ အသွေးအသားများ။ #နေ့သစ်မြန်မာ #RejectMilitaryCoup #NUG_Our_Legitimate_Government #ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ #MilitaryCoupInMyanmar #wewantdemocracyinmyanmar #CDMတိုးမြှင့်ကြ #စစ်ကောင်စီကျဆုံးရမည် #WhatsHappeningInMyanmar”လို့ရေးသားပြီး “နေ့သစ်မြန်မာ Nae Thit Myanmar”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက  မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေတဲ့ အကြိမ်ပေါင်း ၁ ထောင်၇ရာကျော်ရှိပါတယ်။ ဒီလိုတူညီစွာရေးသားမျှဝေထားတာတွေကိုဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖေဖော်ဝါရီအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြပုံကို သီတင်းကျွတ် ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပုံအဖြစ် မျှဝေ

သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်လို့ရေးသားလျှက် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ဖေဖော်ဝါရီလအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြစဉ်ဓာတ်ပုံဖြစ်ပါတယ်။ “ရွှေတိဂုံစေတီတော်ပေါ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း သီတင်းကျွတ်လပြည့်နေ့၌ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြ အောက်တိုဘာ(၂၀)၊ ရန်ကုန်။”လို့ ရေးသားပြီး “Simulation”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေ ထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်ဟာ  ၁ထောင် ၈ရာ ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေကြည့်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ လထဲမှာ မီးရထားဝန်ထမ်းတွေ […]

Continue Reading

Fact Check: ဒေါက်တာစင်သီယာမောင်ကို အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြား တယ်ဆိုတာ မဟုတ်ပါ

 အစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဒေါက်တာစင်သီယာမောင်ကို အာဆီယံ(ASEAN) က ဖိတ်ခေါ် ထားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာမျှဝေလျှက်ရှိပါတယ်။   သို့သော် ဒေါက်တာစင်သီယာမောင်ကတော့ ဒီသတင်းဟာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အောက်ဖော်ပြပါ screenshot ကတော့ အလားတူ ပြောဆိုချက်ပါဝင်တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ် တစ်ခုဖြစ်ပါတယ်။ “အာစီယံအစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု  ဒေါက်တာစင်သီယာမောင်ကို ASEAN မှ ဖိတ်ခေါ်”လို့ အစချီရေးသားထားပြီး ဒေါက်တာစင်သီယာမောင်ရဲ့ အတ္ထုပ္ပတိကိုလည်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ထပ်မံရှာဖွေကြည့်ရာမှာ ဒေါက်တာစင်သီယာ မောင်က အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြား […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

စစ်တပ်က စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ယာဉ်တစ်စီးမီးလောင်နေတဲ့ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက ကြိမ်ဖန်များစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။   သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းကအင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပြီး အမေရိကန် နိုင်ငံက စစ်ယာဉ်တစ်စီးမီးလောင်မှုဓာတ်ပုံဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်မှာ စစ်ကားမိုင်းခွဲခံရတဲ့ ဓာတ်ပုံအဖြစ် “Yu Yu Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃ ရက်က မျှဝေထားရာ ဒီဓာတ်ပုံကို မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၁ ထောင် ၂ ရာရှိပါတယ်။ ပို့စ်မှာ “အကျကျကျတော့ ဇော်မဲလုံးမြင်အောင်ပြရမယ် တန်ဆည်နယ်က တွယ်လိုက်တဲ့ စခကား ။”လို့ရေးသားထားပါတယ်။ဒီဓာတ်ပုံပါဝင်ပြီး တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ထို့အပြင် အောက်တိုဘာလထဲမှာ မုံရွာမှာ စစ်ကားမိုင်းထိတဲ့ […]

Continue Reading

Fact Check: ရှေ့တန်းပို့ခံရတဲ့ စစ်သားဇနီးမယားတွေ နောက်ဆုံးအနေနဲ့ ကန်တော့ နေပုံလား-မဟုတ်ပါ

ရှေ့တန်းပို့ခံရတဲ့ စစ်သားတွေကို သူတို့ ဇနီးမယားတွေက နောက်ဆုံးကန်တော့နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အများအပြားကပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဓာတ်ပုံထဲမှာ ရဲကားတန်းတစ်ခုပါဝင်ပြီး အမျိုးသမီး အချို့က ထိုင်ကန်တော့ကြတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ သားသမီးတွေရဲ့ မိဘတွေက ကန်တော့တောင်းပန်နေကြပုံ ဖြစ်ပါတယ်။ “ရှေ့တန်းပို့ခံရတဲ့ လင်တော်မောင် စစ်ခွေးတွေအတွက် စစ်ခွေးမယားတွေ သရဏဂုံ တင်ပေးနေကြတာပါ၊ ရှေ့တန်းမှာသေရင် သရဏဂုံ မတင်ပေးပဲ ချီးတွင်းထဲအလောင်းကိုပစ်ချလေ့ရှိတာမို့ပါ 😁 ရဲဇော်   🇱🇷”လို့ရေးသားလျှက် “ဦး ရဲ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၄ ရက်မှာ မျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၄၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: Facebook ကို NLD က ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုးခဲ့တယ်လို့ Frances Haugen ကပြောနေတာလား-မဟုတ်ပါ

ဖေ့စ်ဘွတ်(Facebook)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုး ခဲ့တယ်လို့ ဖရန်ဆက်ဟော်ဂန် (Frances Haugen)က ပြောတယ်ဆိုပြီးတော့  ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂ ဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဒီလိုမျှဝေရာမှာ ဓာတ်ပုံစာသားအပြင် ပို့စ်ရဲ့ စာသားနေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ NLD ပါတီတို့ရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေလည်းပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ဖေ့စ်ဘွတ်ဝန်ထမ်းဟောင် တစ်ယောက်ဖြစ်တဲ့ ဖရန်ဆက်ဟော်ဂန်က အမေရိကန် လွှတ်တော်ဆီနိတ်ကော်မတီကို အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာတင်ပြစဉ်ဓာတ်ပုံဖြစ်ပြီး  ဒီပွဲမှာ NLD အကြောင်းပြောခဲ့တာ မျိုးမတွေ့ရပါဘူး။ “NOVEM LYNN”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၉ ရက်မှာ မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်ခဲ့ တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: အာဆီယံ အစည်းအဝေးတက်ခွင့်မရလို့ စစ်တပ်ထောက်ခံသူများ ဆန္ဒပြပုံ လား-မဟုတ်ပါ

အာဆီယံကို စစ်တပ်ထောက်ခံသူတွေ ဆန္ဒပြနေတယ်ဆိုပြီးတော့ လူအများအပြားစုဝေးနေပုံနဲ့ လမ်းလျှောက် နေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ စစ်တပ်ခေါင်း ဆောင်အပါအဝင် နိုင်ငံရေးရာထူးရှိသူ မည်သူကိုမဆို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် မရဖြစ် ပြီးနောက်မှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဓာတ်ပုံတွေဖြစ်ပါတယ်။ “ယနေ့ ရန်ကုန်တွင် တပ်မတော်ထောက်ခံသူများ စုပေါင်းပြီး အာဆီယံအဖွဲ့ကြီးအား ကန့်ကွက်ဆန့်ကျင်ခဲ့ကြ ပါတယ်”လို့ရေးသားပြီး “June June”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ

အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော USS carl vinson ဦးဆောင်တဲ့ Quad အဖွဲ့နဲ့ မြန်မာစစ်တပ် ဘင်္ဂ လားပင်လယ်အော်မှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ USS  carl vinson သင်္ဘောကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ရေးသား တဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဒီလိုတိုက်ပွဲအတွင်းမှာ ကိုကိုးကျွန်းအခြေစိုက် မြန်မာရေတပ်ကနေ ဒုံးကျဉ် ၂၁ လုံး၊ကမ်းစောင့်တပ်ကလည်း တော်ပီဒို ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်ကနေလည်း SuKhoi-35 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရေးသားထားပါတယ်။ သို့သော် ဒီလို ထိပ်တိုက်ထိတွေမှုအပါအဝင် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။  “Min Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပွဲကတော့စပြီ USS carl […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ […]

Continue Reading

Fact Check: ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

ခြံအမှတ် ၅၄ က ရတဲ့ရွှေချောင်းတွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ရွှေချောင်းတွေနဲ့ ဒေါ်လာငွေကြေးအပုံလိုက် ဓာတ်ပုံတွေပါဝင်ပြီး ရွှေက တစ်တန်ခွဲနဲ့ ငွေကြေးကတော့ စိစစ်ဆဲလို့ ရေးသားထားပါတယ်။ ခြံအမှတ် ၅၄ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းကအိမ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြန်နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။  “ခြံအမှတ်(၅၄) လို့ပြောတာပဲ ရွှေကတစ်တန်ခွဲရှိတယ်တဲ. ငွေကစစ်နေတာမပြီးသေးဘူးတဲ. photo credit”လို့ရေးသားလျှက် “Nyi Zaw”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂၅၀  ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို  ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading