Fact Check: Facebook ကို NLD က ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုးခဲ့တယ်လို့ Frances Haugen ကပြောနေတာလား-မဟုတ်ပါ

ဖေ့စ်ဘွတ်(Facebook)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုး ခဲ့တယ်လို့ ဖရန်ဆက်ဟော်ဂန် (Frances Haugen)က ပြောတယ်ဆိုပြီးတော့  ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂ ဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဒီလိုမျှဝေရာမှာ ဓာတ်ပုံစာသားအပြင် ပို့စ်ရဲ့ စာသားနေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ NLD ပါတီတို့ရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေလည်းပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ဖေ့စ်ဘွတ်ဝန်ထမ်းဟောင် တစ်ယောက်ဖြစ်တဲ့ ဖရန်ဆက်ဟော်ဂန်က အမေရိကန် လွှတ်တော်ဆီနိတ်ကော်မတီကို အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာတင်ပြစဉ်ဓာတ်ပုံဖြစ်ပြီး  ဒီပွဲမှာ NLD အကြောင်းပြောခဲ့တာ မျိုးမတွေ့ရပါဘူး။ “NOVEM LYNN”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၉ ရက်မှာ မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်ခဲ့ တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading