Fact Check: ထန်တလန်ကစစ်ရှောင်တွေရဲ့ ဓာတ်ပုံလား-မဟုတ်ပါ

 ထန်တလန်မြို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းပြန်လည်မျှဝေလျှက်ရှိပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ထုခဲ့ပြီး နောက် မီးလောင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အောက်တိုဘာ၂၉ ရက်က လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒီလိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင် တွေပုံဖြစ်ပါတယ်။ “ထန်တလန်မြို့ကို စွန့်ခွာနေကြရသည့် ကျတော်တို့ အသွေးအသားများ။ #နေ့သစ်မြန်မာ #RejectMilitaryCoup #NUG_Our_Legitimate_Government #ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ #MilitaryCoupInMyanmar #wewantdemocracyinmyanmar #CDMတိုးမြှင့်ကြ #စစ်ကောင်စီကျဆုံးရမည် #WhatsHappeningInMyanmar”လို့ရေးသားပြီး “နေ့သစ်မြန်မာ Nae Thit Myanmar”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက  မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေတဲ့ အကြိမ်ပေါင်း ၁ ထောင်၇ရာကျော်ရှိပါတယ်။ ဒီလိုတူညီစွာရေးသားမျှဝေထားတာတွေကိုဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖေဖော်ဝါရီအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြပုံကို သီတင်းကျွတ် ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပုံအဖြစ် မျှဝေ

သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်လို့ရေးသားလျှက် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ဖေဖော်ဝါရီလအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြစဉ်ဓာတ်ပုံဖြစ်ပါတယ်။ “ရွှေတိဂုံစေတီတော်ပေါ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း သီတင်းကျွတ်လပြည့်နေ့၌ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြ အောက်တိုဘာ(၂၀)၊ ရန်ကုန်။”လို့ ရေးသားပြီး “Simulation”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေ ထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်ဟာ  ၁ထောင် ၈ရာ ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေကြည့်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ လထဲမှာ မီးရထားဝန်ထမ်းတွေ […]

Continue Reading