Fact Check: Mr Bean သေဆုံးတဲ့သတင်းက မဟုတ်ပါ

ဟာသမင်းသားကြီး မစ္စတာဘင်း(Mr. Bean) ဟာ နိုဝင်ဘာ ၂၂ရက်က ကွယ်လွန်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။  “ဟာသမင်းသားကြီး(၂၂*၁၁*၂၀၂၁)ကွယ်လွန် သွားပါပီ😢”လို့ ရေးသားပြီး “Mg Insein” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မစ္စတာဘင်းရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Mr Bean မှာယခုစာရေးသားနေချိန်အထိ သူနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေထင်နေတာတွေ့ရပေမဲ့ သူကွယ်လွန်တယ်ဆိုတဲ့ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရပါဘူး။ မစ္စတာဘင်း(Mr. Bean)လို့ လူသိများတဲ့ ဟာသသရုပ်ဆောင်(Rowan Atkinson)သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ လုံးဝကျန်းမာပါတယ်လို့လည်း သူ့အရေးကိစ္စတွေကိုစီမံခန့်ခွဲပေးနေတဲ့ […]

Continue Reading

Fact Check: NUG ရဲ့ လုပ်ကြံမယ့်စာရင်းရှိသလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကလုပ်ကြံသတ်ဖြတ်မယ့် စာရင်းပေါက်ကြားမှုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုအတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီလိုလုပ်ကြံစာရင်းမရှိဘူးလို့ NUG တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။   “Aunglan Media Group” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “NUG.က လုပ်ကြံမည့်စာရင်း ပေါက်ကြား သီတဂူဆရာတော်ဘုရားကြီး ပါချုပ်ဆရာတော်ဘုရားကြီး ဦးခင်ရွှေ ခန့်စည်သူ ဒေါ်နွဲ့နွဲ့စန်း ကိုကိုကြီး သူရရွှေမန်းအပါအဝင် တစ်ရာကျော်စာရင်း…နိုင်ငံတကာသံတမန်များထံ ပေါက်ကြားခဲ့သည်”လို့ ရေးသားပြီးမျှဝေထားတွေ့ရပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် လုပ်ကြံသတ်ဖြတ်မယ့်စာရင်း မရှိသလို မူဝါဒလည်းမရှိကြောင်းနဲ့  ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOA Burmese သတင်းဌာနကို ငြင်းဆိုထားပါတယ်။ မူရင်းလင်ခ့် – VOA […]

Continue Reading