Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို “KIA..ဂွမ်မော်…ဖင်ကျယ်တော့… KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉.. လင်းယုန်တွေ…အစာကြွေးနေပြီ.. 10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ. Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ […]
Continue Reading