Fact Check: ဒီဗွီဒီယိုက အိန္ဒိယစစ်တပ်က ဒုံးကျည်စမ်းသပ်မှုဗွီဒီဒီယိုသာဖြစ်တယ်

အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို မြန်မာတပ်မတော်က စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မြန်နှုန်း မြင့်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသာဖြစ်ပါတယ်။ “BRAHMOS Super Sonic Crusie Missile  တစ်စင်း၊ မြန်မာ့တပ်မတော်တွင် စမ်းသပ်ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြပါရစေ.(ကိုကိုးကျွန်း) Crd ဆရာဗိုလ်ကြီး”လို့ ရေးသားထားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၄ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းတွေ အသုံးပြုပြီး ရှာဖွေရာမှာ […]

Continue Reading