Fact Check: ဆရာမတွေ ABCD သီချင်းဆိုနေတဲ့ဒီဗွီဒီယိုက ၂၀၁၇ ခုနှစ်ကဖြစ်တယ်

စစ်တပ်ရဲ့ ပညာရေးအစီအစဉ်ထဲက ကမောက်ကမနိုင်တဲ့လုပ်ရပ်အဖြစ် ဆရာမအများအပြားက အင်္ဂလိပ်စာ သင်ကြားရေးနဲ့ပတ်သက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ “မဆရာမတွေအလွတ်ကျက်နေရပီ စကစသင်ရိုးမှာ ကလေးငယ်ငယ်လေးတွေကို သင်မယ့် ABCD ကဗျာတဲ့” လို့ရေးသားပြီး “Myanmar Breaking News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက်  Google မှာပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပါ အကြောင်းအရာကိုရှာကြည့်ရာမှာ ABCD သင်ကြားရေးကဗျာစာသား ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  အဲဒီအချိန်က အွန်လိုင်းက […]

Continue Reading

Fact Check: ဒေါ်လာသန်း ၄၀၀ ကိုဟတ်ကင်းလုပ်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလား-မဟုတ်ပါ

ဘဏ်ပေါင်း ၂၀၀ ကျော်ကို ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို တစ်ပြားမှ မသုံးဘဲ အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့  ကွန်ပျူတာပညာရှင် ဟမ်းဇာဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ အတွက် အသုံးမချဘူးဆိုရင် ငွေကြေးနဲ့ရာထူးအာဏာဆိုတာအလကားပဲလို့ သူဟာ ကြိုးမိန့်ပေးခဲ့ရပေမဲ့ နောက်ဆုံးအချိန်မှာ အခုလို ရယ်ပြုံးပြီးတော့ပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ပို့စ် မှာပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။ “ဒို့နိုင်ငံကအဘတွေထက် မင်းမြတ်တယ် ဟမ်း —————————- ဟမ်ဇား၏ ကမ္ဘာကိုပြောခဲ့သောစကား *************************** သူ့နာမည်က ဟမ်ဇား ဘဏ်ပေါင်း ၂၁၇ ခုကို ဟက်ကင်းလုပ် ထိုးဖောက်၀င်ရောက်ပြီးး ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူခဲ့ပါတယ်… ပြီးတော့ […]

Continue Reading