Fact Check: မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ နန်စီပလိုစီပြောဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကတောင်းဆိုတယ်ဆိုတဲ့ သတင်းတု သတင်းမှားတစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့အကောင့်တွေမှာ ယနေ့ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ၅ မိနစ်ကျော် ရှည်လျားတဲ့ နန်စီပလိုစီ ဓာတ်ပုံနဲ့အတူ မြန်မာကို R2P ဝင်ပေးဖို့ နန်စီပယ်လိုစီတောင်းဆို ပေးလိုက်ပြီ” လို့ ရေးသားထားပါတယ်။  အောက်ပါပို့စ်ကတော့ “သတင်းနန်းတော်”အမည်နဲ့ ယူကျူ့အကောင့်တစ်ခုမှာပြီးခဲ့တဲ့ နာရီပိုင်းက ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် R2P ဆိုတာကတော့ ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားမှာ ၁၉၉၀ ခုနှစ်အတွင်းက နိုင်ငံစစ်တပ်က ဦးဆောင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုးထပ်မံမဖြစ်ပွားရအောင် နိုင်ငံတကာက အချိန်မီတုန့်ပြန်နိုင်ရေးဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အမေရိကန်အောက်လွတ်တော် […]

Continue Reading

Fact Check: ဒေါ်စုရဲ့ သားငယ်ကိုထိန်လင်းက တော်လှန်ရေးအတွက်နာရီလှူတယ်ဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက  တော်လှန်ရေးအတွက်နာရီ လေလံတင်ဖို့ပေးတယ်ဆို တဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူအများအကြားပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် Kim Aris က ဒေါ်အောင်ဆန်းစုကြည်ပုံ ပါနာရီကိုင်ထားတာတွေ့ရပြီး အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။  “လျှောင်ထုံး ထုံးထားတဲ့ ကိုထိန်လင်းက တော်လှန်ရေးမှာအသုံးပြုဖို့ အမေစုရဲ့ နာရီလေးလာပေးတာတဲ့။ တော်လှန်ရေးအတွက် ငွေအင်အားဘယ်လောက်အရေးကြီးကြောင်း သူသိတယ်။ ဒီပွဲနိုင်မှ သူ့အမေလွတ်မယ်ဆိုတာလည်း သူသိတယ်။ အမေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းရင် ငွေအမြောက်အများရတယ်ဆိုတာလည်း သူသိတယ်။ သူ့ဆီမှာရှိတဲ့(သူ့အမေရဲ့အမွေလို့ပြောလို့ရတဲ့)အမေစုငယ်စဉ်ကပတ်ခဲ့တဲ့နာရီကို ကြည်ကြည်ဖြူဖြူ နဲ့ ခုလို လာပေးတဲ့ ကိုထိန်လင်းအပေါ် ကျနော်တို့ အကြွေးတွေအများကြီးတင်သွားပြန်ပြီဗျာ  _ထွန်းနေမိုး”လို့ ရေးသားပြီး ဓာတ်ပုံ ၅ ပုံနှင့်အတူ “Spring May”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အသက်ရှင်သေးတာNUGလည်းအတည်ပြုလိုက်ပါပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG အနေနဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုအတွက် ရှုတ်ချထားပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်းသတင်းခေါင်းစဉ်နဲ့မသက်ဆိုင်ပါဘူး။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ သတင်းတင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ နိုင်ငံအခြေပြမိန့်ခွန်း ပြောကြားချက်ကို ပြန်လည်ပြောကြားနေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က သမ္မတ ဒူဝါလရှီးလရဲ့ အခြေပြ မိန့်ခွန်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ဒီမိန့်ခွန်းရဲ့အစမှာပဲ ဦးကျော်မင်းယုခေါ် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်စတဲ့ ၄ ဦးအပေါ် ကွပ်မျက်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံသားတွေ အပေါ်တန်ဖိုးမထားတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ နွေးဉီးတော်လှန်ရေးကို အရှိန်မြှင့်သွားစေမယ့်လုပ်ရပ်သာဖြစ်ပြီး အရှိန်မြှင့်တွန်းလှန်ကြဖို့လည်း […]

Continue Reading