Fact Check: မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့သတင်းတုများဖြန့်ဝေ

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် သေမယ့်နေ့ကို ပြောပြီ၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သေမယ့် နေ့ကိုပြောပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုကယ်မယ်စတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ် တွေမှာဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်း သတင်းခေါင်းစဉ်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။  “မိုင်းဖုန်း ဆရာတော်ကြီး အမေစုနဲ့သမ္မတကြီးကို ကယ်တင်တော့မယ်။ #မိုင်းဖုန်းဆရာတော်”လို့  စာသားနဲ့ ရေးသားထားပြီး ဗွီဒီယိုရုပ်ကတ်ဓာတ်ပုံထဲမှာလည်း “အထူးသတင်းကောင်းဗျို့ အမေစုနဲ့သမ္မတကြီး ကိုကယ်တင်ဖို့ မိုင်းဖုန်းဆရာတော်ကြီးကြွချီလာပြီး သူတော်ကောင်းကိုစော်ကားတဲ့ အာဏာရူး ကြိုးစက်မှာ ပေးဆပ်ရ လိမ့်မယ်လို့ မိန့်ကြားလိုက်ပြီ”စသည်ဖြင့်ရေးသားပြီး “Akon Thi Entertainment”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဩဂုတ် ၁ ရက်ကမျှဝေထားရာမှာ ဝင်ရောက်ကြည့်ရှု့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   “Third News”၊ “သတင်းစုံ Video”၊ “ផ្កាយ”စတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ နန်စီပလိုစီပြောဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကတောင်းဆိုတယ်ဆိုတဲ့ သတင်းတု သတင်းမှားတစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့အကောင့်တွေမှာ ယနေ့ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ၅ မိနစ်ကျော် ရှည်လျားတဲ့ နန်စီပလိုစီ ဓာတ်ပုံနဲ့အတူ မြန်မာကို R2P ဝင်ပေးဖို့ နန်စီပယ်လိုစီတောင်းဆို ပေးလိုက်ပြီ” လို့ ရေးသားထားပါတယ်။  အောက်ပါပို့စ်ကတော့ “သတင်းနန်းတော်”အမည်နဲ့ ယူကျူ့အကောင့်တစ်ခုမှာပြီးခဲ့တဲ့ နာရီပိုင်းက ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် R2P ဆိုတာကတော့ ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားမှာ ၁၉၉၀ ခုနှစ်အတွင်းက နိုင်ငံစစ်တပ်က ဦးဆောင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုးထပ်မံမဖြစ်ပွားရအောင် နိုင်ငံတကာက အချိန်မီတုန့်ပြန်နိုင်ရေးဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အမေရိကန်အောက်လွတ်တော် […]

Continue Reading

Fact Check: ဒေါ်စုရဲ့ သားငယ်ကိုထိန်လင်းက တော်လှန်ရေးအတွက်နာရီလှူတယ်ဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက  တော်လှန်ရေးအတွက်နာရီ လေလံတင်ဖို့ပေးတယ်ဆို တဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူအများအကြားပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် Kim Aris က ဒေါ်အောင်ဆန်းစုကြည်ပုံ ပါနာရီကိုင်ထားတာတွေ့ရပြီး အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။  “လျှောင်ထုံး ထုံးထားတဲ့ ကိုထိန်လင်းက တော်လှန်ရေးမှာအသုံးပြုဖို့ အမေစုရဲ့ နာရီလေးလာပေးတာတဲ့။ တော်လှန်ရေးအတွက် ငွေအင်အားဘယ်လောက်အရေးကြီးကြောင်း သူသိတယ်။ ဒီပွဲနိုင်မှ သူ့အမေလွတ်မယ်ဆိုတာလည်း သူသိတယ်။ အမေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းရင် ငွေအမြောက်အများရတယ်ဆိုတာလည်း သူသိတယ်။ သူ့ဆီမှာရှိတဲ့(သူ့အမေရဲ့အမွေလို့ပြောလို့ရတဲ့)အမေစုငယ်စဉ်ကပတ်ခဲ့တဲ့နာရီကို ကြည်ကြည်ဖြူဖြူ နဲ့ ခုလို လာပေးတဲ့ ကိုထိန်လင်းအပေါ် ကျနော်တို့ အကြွေးတွေအများကြီးတင်သွားပြန်ပြီဗျာ  _ထွန်းနေမိုး”လို့ ရေးသားပြီး ဓာတ်ပုံ ၅ ပုံနှင့်အတူ “Spring May”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အသက်ရှင်သေးတာNUGလည်းအတည်ပြုလိုက်ပါပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG အနေနဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုအတွက် ရှုတ်ချထားပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်းသတင်းခေါင်းစဉ်နဲ့မသက်ဆိုင်ပါဘူး။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ သတင်းတင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ နိုင်ငံအခြေပြမိန့်ခွန်း ပြောကြားချက်ကို ပြန်လည်ပြောကြားနေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က သမ္မတ ဒူဝါလရှီးလရဲ့ အခြေပြ မိန့်ခွန်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ဒီမိန့်ခွန်းရဲ့အစမှာပဲ ဦးကျော်မင်းယုခေါ် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်စတဲ့ ၄ ဦးအပေါ် ကွပ်မျက်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံသားတွေ အပေါ်တန်ဖိုးမထားတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ နွေးဉီးတော်လှန်ရေးကို အရှိန်မြှင့်သွားစေမယ့်လုပ်ရပ်သာဖြစ်ပြီး အရှိန်မြှင့်တွန်းလှန်ကြဖို့လည်း […]

Continue Reading

Fact Check: YBS 42 ကားပေါ်မှာ အနုကြမ်းစီးခံရတာမရှိဘူးလို့ တာဝန်ရှိသူတွေ ငြင်းဆို

မြောက်ဉက္ကလာပ အိန္ဒြာမှတ်တိုင်အနီး YBS 42 ကားပေါ်မှာ ဓားပြတိုက်ခံရမှုဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၃၀ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မဟုတ်မှန်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူတွေက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်စာသားတွေကတော့ “Hlaing Info” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းဖော်ပြချက်ပါ။ “ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42( 6p / 6057 )သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း သိရသည်။ ” နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက် တပြိုင်နက် […]

Continue Reading

Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

မထောက်ခံတဲ့သူတွေအားလုံးကို ဒလံလို့စွပ်စွဲပြီး သတ်ဖြတ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလက လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက် ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အချက်သုံးချက်ပါဝင်တဲ့ ဒီစာမှာ NUG ကိုမထောက်ခံတဲ့သူတွေကို ဒလံအဖြစ်သတ်မှတ်ခြေမှုန်းရန်၊ NUG ကလွဲပြီးအခြားပါတီအဖွဲ့အစည်းကိုထောက်ခံခြင်းမပြုဖို့နဲ့ ဒီလမ်းညွှန်ချက်တွေကို မလိုက်နာရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ဆိုပြီးပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “အတုလား! အစစ်လား! မသိပါ၊  အကယ်၍သာ အစစ်ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ဘယ်နေ၍ ဘယ်ထိုင် ရမယ်ဆိုသည်ကို မတွေးဝံ့တော့ပါ။ KoThetKa(30,7,2022 )” ရေးသားပြီး “Nan Thin Thin Wai” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ဘောလိဝုဒ်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းအလှူပုံပြင်ဟောင်း ထပ်မံ ပျံ့နှံ့လာ

ကိုဗစ်ကာလအတွင်းမှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းရဲ့ ဂျုံကြမ်းအလှူပုံပြင်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားထပ်မံ ပျံ့နှံ့မှုအားကောင်းလာတာတွေ့ရပါတယ်။  ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူတွေကို အစိုးရတွေအပါအဝင် ငွေကြေးပြည့်စုံသည့်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လုမှု့ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခဲ့ကြချိန်မှာ ဒီပို့စ်က ပြန်လည် စတင်ပေါ်လာတာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အမီးရ်ခန်းက ကိုဗစ်ကာလမှာ ဂျုံကြမ်းအထုပ်ကလေးတွေဝေတာကို ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတယ်ဆိုပြီး မြို့ခံအများစုက ဝေဖန်ပြစ်တင်ခဲ့ပြီးအများစုက သွားမယူခဲ့ပဲ တကယ် စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေက  သွားယူကြရာမှာတော့ အိတ်ကို ဖွင့်လိုက်ချိန်မှာ ဂျုံကြမ်းမှုန့် တွေကြားထဲမှာ ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်) သေချာစွာထည့်ထားပေးတာကို ဂျုံအိတ်သွား ယူသူတွေရရှိ သွားကြတယ်ဆိုပြီး ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading