Fact Check:  AA က ခမောင်းဆိပ်ပရဟိတကျောင်းဝန်းထဲကအဆောင်တွေကို မီးရှို့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ် ဗျူဟာကုန်းမှာ ရက္ခိုင့်တပ်တော် ( AA  )‌တွေ သေဆုံးမှု့များလာခြင်းကြောင့် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို AA က မီးရှို့ ဆိုပြီး အထုတ်တွေနဲ့ လူတွေထွက်ပြေးနေပြီး မီးခိုးလုံးကြီးများ တလိပ်လိပ်တက်နေပြီး တဲအိမ်တွေ မီးလောင်လျက် ရှိသည့်ဓာတ်ပုံကို အသုံးပြုထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။  ” ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA ‌ွေ တ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ခဲ့ပါတယ် AA ရဲ့မရိုးလှသော ဗျူဟာအကွက်များ ” […]

Continue Reading

Fact Check: NUG အတွက်လက်နက်မှောင်ခိုသွင်းသူ Mr.Notorious Dutch ဖူးခတ်မှာဖမ်းမိဆိုတဲ့သတင်းတုသတင်းမှား

 NUG အတွက်လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူ စပိန်လက်နက်ကုန်သည်တစ်ဦးကို ဖမ်းမိပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံး ပြုသူတွေအကြာမှာ ပျံ့နှံ့လျှက်ရှိပါတယ်။ Mr.Notorious Dutch လို့ခေါ်တဲ့ လက်နက်ပွဲ စားကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ဖမ်းမိတာဖြစ်ပြီး သူနဲ့ ချိတ်ဆက်နေတဲ့ မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန် တစ်ဦးရဲ့ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှထုတ်ဖော်ရရှိတယ်လို့လည်း ရေးသား ထားပါတယ်။ သတင်းတုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ Screenshot ကတော့ ဩဂုတ် ၂၇ ရက်က မျှဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်း အရာဖြစ်ပါတယ်။ “NUG အတွက် လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူစပိန်လက်နက်မှောင်ခိုကုန်သည်တစ်ဦးအား ဖူးခက်ကျွန်းတွင် ဖမ်းမိ၊ ၎င်းနှင့် လျှို့ဝှက်ချိတ်ဆက်နေသောမြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦး၏ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှ ထုတ်ဖော်  ၂၀၂၁ ၊ စက်တင်ဘာ  ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ Dusit Patra […]

Continue Reading