Fact Check: AA နဲ့ စစ်ကောင်စီတိုက်ပွဲ ဗွီဒီယိုလား – မဟုတ်ပါ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်လာ နေပါတယ်။ ဒီလိုအခြေအနေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေနဲ့အတူ အဝေးက တောတန်းတစ်နေရာမှာ မီးခိုးဖြူတွေအူတက်လာနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို AA နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲအဖြစ် ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ “AA ရဲ့စကေးကြမ်းချက်….. စကစအတွက်တော့ မတွေးဝံ့စရာပဲ… (9.9.2022) ရက်နေ့… Credit ###”လို့ ရေးသားပြီး “Ayarwaddy Channel” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ကအောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ […]
Continue Reading