Fact Check: ထိုင်ဝမ်က ၁၀၁ ထပ်အဆောက်အဦးလှုပ်ရမ်းနေတဲ့ ဗွီဒီယိုဟာ တကယ် မဟုတ်ပါ
ထိုင်ဝမ်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ အထပ် ၁၀၁ ထပ်ရှိတဲ့ Taipei 101 ဟာ စက်တင်ဘာ ၁၈ ရက်ငလျင်ကြောင့် လှုပ်ရမ်းနေတဲ့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဒီဂျစ်တယ်နည်းလမ်းနဲ့ပြုပြင်ထားတဲ့ ဗွီဒီယိုသာဖြစ်ပြီး တကယ်မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့ တာတွေ့ရပါတယ်။ Taipei 101 အဆောက်အဦးဟာ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ “ဒီနေ့ ငလျင်ကြောင့်ထိုင်ပေ (၁၀၁)ထပ်ကြီး ယိမ်းက နေတာ”လို့ ရေးသားပြီး “Tin MoeAye” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကျွန်းနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ဟာ […]
Continue Reading