Fact Check: PDF အင်အား၂သိန်းနဲ့ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ၃ ရက်အတွင်းရှောင်ကြဖို့ NUG သမ္မတအရေးပေါ်သတိပေးဆိုတဲ့သတင်းမှား
PDF အင်အား၂သိန်းနဲ့ ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ရန်ကုန်ကနေ ၃ ရက်အတွင်းခေတ္တရှောင်ကြဖို့ NUGသမ္မတ အရေးပေါ်သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပြီး ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်မြို့ ပျောက်ကြားအဖွဲ့တွေက ပြောဆိုထုတ်ပြန်ထားတဲ့ စစ်ကောင်စီပက်သတ်တဲ့နေရာတွေနဲ့ဝေးဝေးနေဖို့ဆိုတဲ့အကြောင်း အရာသာဖြစ်ပါတယ်။ “ရန်ကုန်ကနေ၃ရက်အတွင်းခေတ္တရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး။အင်အား၂သိန်းနဲ့၁ပတ်တိတိသိမ်းမယ်တဲ့”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၂၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုမှာ NUG သမ္မတ ဒူဝါလရှီးလရဲ့ ဓာတ်ပုံနဲ့ “ရန်ကုန်ကနေ၃ရက်အတွင်း ခေတ္တ ရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး”လို့ရေးသားထားပေမဲ့ […]
Continue Reading