Fact Check: ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

အောက်တိုဘာ ၂၉ ရက်က PDF တွေက ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့သံပြာချောင်းရွာတို့အား ဝင်ရောက် ဖျက်ဆီး မီရှို့နေပြီး စိုင်သေကျေးရွာမှာ အိမ်ခြေသုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတာ နစကအထက် လူကြီးများ သိစေရန်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့မှုအဖြစ် လွတ်လပ်တဲ့ မီဒီယာအများအပြားကဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုဖော်ပြပါရှိတဲ့ ပို့စ်တစ်ခုက စာသားတွေပဲ။ “နစက အထက်လူကြီးမင်းများသိစေရန် =============================== မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား  pdf များမှ ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍  ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း  ဒေသခံများမှ ​ သတင်းပေးပို့လာပါတယ် ယနေ့  (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ pdf များသည် […]

Continue Reading

Fact Check: NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ဆိုတဲ့ သတင်းတု   

NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ချက်ဆိုတဲ့ သတင်းတုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာရေးသားထားချက်ဖြစ်ပါတယ်။ “NUG လေတပ်နေပြည်တော်ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ သတင်းခေါင်းစဉ်အနေနဲ့ရေးသားထားပြီး “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားပြီး “onlinenews79.com” အမည်နဲ့ဝက်ဘ်ဆိုဒ်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီဘလော့ဂ်ပို့စ်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းပြန်လည်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “onlinenews79.com” အမည်နဲ့ဘလော့ဂ်ပို့စ်ကို ဝင်ရောက်ကြည့်ရှူ့မယ်ဆိုရင် “NUG လေတပ်နေပြည်တော် ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ရေးသားထားတဲ့ သတင်းခေါင်းစဉ်၊ NUG သမ္မတ ဒူဝါလရှီးလ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တိုက်လေယာဉ်ဓာတ်ပုံတို့ကို ပေါင်းစပ်ပြုပြင်ထားတဲ့ ဓာတ်ပုံပေါ်မှာ “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားထားတဲ့ ရေးသားချက်ကိုပဲ ထပ်မံတွေ့ ရပြီး […]

Continue Reading