Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

နိုဝင်ဘာ ၅ ရက်နေ့မှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထား ရာမှာ ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ ဝန်းကျင်ရှိပါတယ်။ ဗွီဒီယိုထဲမှာ “လေတပ်အရာရှိ လေယာဉ်နဲ့ထွက်ပြေးလာပြီ”လို့လည်းထပ်မံရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်ရာမှာ စစ်တပ်အာဏာသိမ်းအပြီး ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်အချိုပါ ပူးပေါင်းဆန္ဒပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရဲနဲ့ စစ်သားတွေကို အာဏာရှင် စစ်ဦးစီးချုပ်အမိန့်ကို မနာခံဘဲ ပြည်သူလူထုနဲ့ပူးပေါင်းခြင်းအားဖြင့် တိုင်းပြည်အနာဂတ်ကိုကယ်တင်ဖို့ တောင်းပန်နေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၇ […]

Continue Reading