Fact Check: မြန်မာကျောင်းသားတီထွင်တဲ့ Gluco Pro ဆီးချိုကုသနိုင်တယ်လို့ဆိုတဲ့ သတင်းတုသတင်းမှား

မြန်မာထူးချွန်ကျောင်းသားတစ်ဦး တီထွင်ထားတဲ့ Gluco Pro က ဆီးချိုကုသရေးမှာအလှည့်အပြောင်းဖြစ်ခဲ့တဲ့ အောင်မြင်မှုကြီးဖြစ်ပြီး အသက်သန်းပေါင်းများစွာကယ်ဆယ်ခဲ့တယ်ဆိုတဲ့ ဘလော့ဂ်ပို့စ်ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ Gluco Pro ဟာ ဆီးချိုကုနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံဟာလည်းအတုအယောင်သာဖြစ်ပါတယ်။ မြန်မာကျောင်းသား Fandi Kurniawan ရဲ့ Gluco Pro ဆိုတဲ့ထုတ်ကုန်ဟာ ၂၀၁၉ ခုနှစ်က European Congress of Endocrinology Expert မှာအကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့တဲ့အပြောင်းအလဲဖြစ်ခဲ့ပြီး ဆီးချိုသမားတွေ အတွက် ဆေးဝါးတွေမလိုတော့တဲ့ အထိရလာဒ်ကောင်းမွန်တာကြောင့် ဆေးဆိုင်တွေက အခြားဆေးတွေ မရောင်းရမှာ စိုးလို့  ဒီထုတ်ကုန်ကို မတင်ကြဘူးလို့လည်း ဒီဘလော့ဂ်ပို့စ်မှာဖော်ပြပါတယ်။ အောက်ပါ screenshot ဓာတ်ပုံကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာတွေ့ရတဲ့ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံနဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: အမျိုးသားနေ့အခမ်းအနားဗုံးခွဲခံရ ဝန်ကြီးအပါအဝင် ၃၃ ဦး သေဆုံး သတင်းတု

နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်သော ( ၁၀၂ ) နှစ်မြောက် မျိုးသားနေ့အခမ်းအနားတွင် ဗုံးခွဲခံရ ပြီး  ဝန်ကြီး အပါအဝင် ( ၃၃ ) ဦး ‌သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းပုံစံဖန်တီးထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ နေတာ တွေ့ရပါတယ်။ “ ၁၇ ရက်နေ့ အမျိုးသားနေ့အ ခမ်းအနားဗုံးခွဲ့ခံရ ဝန်ကြီးအပါအဝင်( ၃၃ ) ဦး ‌သေဆုံး” လို့ ရေးသား ပြီး “ Real News Myanmar” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်းမျှဝေထားတာကို တွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာ […]

Continue Reading