Fact Check: ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင် အမြန်ထုတ်ကြပါဆိုတဲ့သတင်းမှား

ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရပြီး ငတ်ပြတ်ကိန်း ဆိုက်ပြီ အရေးပေါ်သတင်း ဆိုပြီး သတင်းခေါင်းစဥ်တု ပြုလုပ်ကာ သတင်းအမှား ဖြန့်ဝေတဲ့ ဗွီဒီယိုပို့စ်တွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင်#အမြန်ထုတ်ကြပါ#အရေးကြီးပြီ”လို့ ရေးသားပြီး “Best Page” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရ ငတ်ပြတ်ကိန်းဆိုက်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါပထမဆုံးသတင်းတစ်ပုဒ်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရဝန်ထမ်းတွေဟာ […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]

Continue Reading