Fact Check: နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆိုတဲ့ သတင်းမှား
နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က တမင်လုပ်ကြံ တာလို့ တရုတ်ကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုပေးပြီး လူတွေလှည့်စားထားတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “Soha Nar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာ “နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရ သံအမတ်နဲ့ဝန်ထမ်း ၁၈ ဦးသေဆုံး စစ်တပ် တမင်လုပ်ကြံခြင်းလို့ တရုတ်ထုတ်ပြန် သေခြင်းနဲ့မိတ်ဆက်ပေးမည်ဟု ပြင်းထန်ပေါက်ကွဲ” စသည်ဖြင့် ရေးသားထားပြီး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ပြည်သွားတောင်းပန်ဖို့လုပ်ပေမဲ့ တရုတ်ကလက်မခံဘူးလို့လည်း ဆိုထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]
Continue Reading