Fact Check: တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်ဆီးလိုက်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်စီးလိုက်လို့ တရုတ်အကြီးအကျယ်ဒေါသထွက်နေတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့မှာ  ပျံ့နှံ့မှု ပြန်လည်အားကောင်းနေတယ်။ သတင်းတုသာဖြစ်တယ်။  

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

 “တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်စီး တရုတ်ပိုက်လိုင်း အေအေ မီးရှို့ဖျက်ဆီး၊ တရုတ် အကြီးကျယ် ဒေါသထွက်နေ” (မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်စီးလိုက်လို့ တရုတ် အကြီးအကျယ်ဒေါသထွက်နေတယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဒီအကြောင်းမပါဝင်ပါဘူး။ 

ဗွီဒီယိုထဲမှာတော့ မြေပြင်စစ်မျက်နှာတွေမှာ စစ်ရှုံးတာ၊ နယ်မြေဆုံးရှုံးတာတွေနဲ့ နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီရဲ့ ဦးဆောင်မှုကို မကျေနပ်ကြဘဲ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် စစ်ဘက်ခေါင်းဆောင်တချို့က မင်းအောင်လှိုင်ရဲ့ အမိန့်ကို ဖီဆန်ပြီး တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ တပ်တွင်းမှာ ပွက်လောရိုက် ထွက်ပေါ်နေတယ်လို့ ဖော်ပြထားတယ်။ ဒီသတင်းဟာလည်း သတင်းတုသတင်းမှား တခုသာဖြစ် ကြောင်း Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်တယ်။ 

၇ မိနစ်‌ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာတွေကတော့ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ကြောက်ရူး” ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောချက်တွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်စီးလိုက်လို့ တရုတ်အကြီးအကျယ်ဒေါသထွက်နေတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

Result Stamp

Title: Fact Check: တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်ဆီးလိုက်တဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *