Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့အတည်ပြုဆိုတဲ့ သတင်းမှား

မြန်မာပြည်သူတွေကို ကုလသမဂ္ဂအနေနဲ့ စစ်‌ရေးအရအကာအကွယ်ပေးဖို့(R2P) အတည်ပြုလိုက်ပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ယခုရက်ပိုင်းပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်တစ်ခုမှာ “R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”လို့ စသည် ဖြင့် ရေးသားပြီး“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကပဲ အခြား‌‌သောဗွီဒီယိုတစ်ခုမှာတော့ ကုလသမဂ္ဂမှာနိုင်ငံ‌ပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီလို့ရေးသားထားပါသေးတယ်။ အချက်အလက်စိစစ်ချက် မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လူသားတွေအ‌ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုးကို အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂက R2P မျိုးအစီအစဉ်တွေ၊ No […]

Continue Reading

Fact Check: NLD ပါတီနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားချက်ဆိုတဲ့ သတင်းတု

NLD ပါတီကို ထုတ်ပယ်ခြင်းမပြုဖို့ တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမယ်လို့ တရုတ် သတိပေးလို့ ဆိုလိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြက်းထန် သတိပေးပြီ”လို့ ရေးသားပြီး “NLD ကို ထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ […]

Continue Reading