Fact Check: PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး တိုက်လေယာဉ် ၂ စီးပစ်ချခံရဆိုတဲ့ သတင်းမှား
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို တပြိုင်နက်ထဲ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိတာဟာ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေတဲ့ ဒီပို့စ်မှာ “၅/၂/၂၀၂၃ ထူးပြီ မုံရွာမြို့သိမ်းတိုက်ပွဲ PDF တွေ အဝင်ကြမ်းကုန်ပြီ တပြိုင်နက်စစ်တိုက်ယာဉ် ၂ စီးပစ်ချခံရ”လို့ ဗွီဒီယိုထဲမှာ ရေးသားထားပါတယ်။ “KAKA Drama” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါမှာပါတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီ […]
Continue Reading