Fact Check: ငလျင်ကြောင့် တူရကီကမ်းခြေကို ဆူနာမီလှိုင်းတွေဝင်ရောက်လာပုံလား-မဟုတ်ပါ

တူရကီမှာ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှုတွေအများအပြား ရှိတဲ့ သတင်းတွေ ပျံ့နှံ့လာချိန်မှာ တူရကီနိုင်ငံက ကမ်းခြေတစ်ခုကို ဆူနာမီရေလှိုင်းတွေ ဝင်ရောက်လာတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ကမ်းခြေတစ်ခုမှာ အပန်းဖြေသူ တွေနဲ့ စည်ကား နေစဉ်မှာပဲ ရေလှိုင်းတွေက ဝင်ရောက်လာခဲ့တာကို ဗွီဒီယို ထဲမှာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ်က တောင်အာဖရိက ဒပ်ဗန်(Durban)ကမ်းခြေကို အသေးစားဆူနာမီလှိုင်းဝင်ရောက်ခဲ့ မှုဖြစ်စဉ် မှတ်တမ်းဖြစ်ပါတယ်။  “ယနေ့ တူရကီ (6.2.2023)”လို့ ရေးသားပြီး “Ba Maung” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading