Fact Check: နေပြည်တော်ကို PDF ကသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းမှား
စစ်ကောင်စီရဲ့ အဓိက အုပ်ချုပ်ရေးနေရာဖြစ်တဲ့ နေပြည်တော်ကို ပြည်သူ့ ကာကွယ်ရေးတွေကသိမ်းပိုက်လိုက်ပြီး ရေ၊မီးဖြတ်တောက်ပစ်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အကုန်သိသတင်းဌာန၏ဖေဖော်ဝါရီလ ၉ ရက်နေ့၊နံနက်ခင်းသတင်း”၊ “နေပြည်တော်ကိုသိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှရေ၊မီး အကုန်ဖြတ်တောက် ပစ်လိုက်ပြီ“လို့ စသည် ဖြင့် ရေးသားကာ “Man Media”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link| Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာထဲမှာပါဝင်တဲ့ “ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှ ရေ၊မီးအကုန်ဖြတ်တောက် ပစ်လိုက်ပြီ”ဆိုတဲ့ […]
Continue Reading