Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ ၊ပျော်လွန်းလို့မျက်ရည်တေညင်ကျမိတယ်“လို့ စသည် ဖြင့် ရေးသားကာ “NGV”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၉ နာရီ၊ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား

 AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။  “AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက […]

Continue Reading