Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား
မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်လိုက်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တစ်ချို့ကနေ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနဲ့ ပူးတွဲလေ့ကျင့်မယ် စစ်ရေးလေ့ကျင့်မှုတခုအတွက် အမေရိကန်တပ် သားတွေ ထိုင်းနိုင်ငံစေလွှတ်မှုသတင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်အသုံးပြုဖြန့် ဝေနေခြင်းဖြစ်ပါတယ်။ “မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဗွီဒီယိုတစ်ခုကို “Real News Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီလိုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေကတော့ “အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း […]
Continue Reading