Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား

Misleading နိုင်ငံတကာ၊

မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်လိုက်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တစ်ချို့ကနေ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနဲ့ ပူးတွဲလေ့ကျင့်မယ် စစ်ရေးလေ့ကျင့်မှုတခုအတွက် အမေရိကန်တပ် သားတွေ ထိုင်းနိုင်ငံစေလွှတ်မှုသတင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်အသုံးပြုဖြန့် ဝေနေခြင်းဖြစ်ပါတယ်။

“မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဗွီဒီယိုတစ်ခုကို “Real News Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီလိုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေကတော့ “အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း ရောက်ရှိလာမည် ဖြစ်”ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ် ကိုပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။ အင်ဒိုနီရှား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီယား၊ စင်္ကာပူတို့မှ စစ်ရေး လေ့ကျင်မှု တွင် ပါဝင်ကြမည် ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ နီးပါး က လေ့လာသူအဖြစ် တက်ရောက်မယ့် ထိုင်းမှာ နေရာ ၁၁ နေရာ ခွဲပြီး ပြုလုပ်မယ့် Cobra Gold စစ်ရေး လေ့ကျင့်မှူ အတွက် အမေရိကန် တပ်သား ၆,၀၀၀ ကျော် ထိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို လာရောက်မယ့်အကြောင်း ရေးသားထားခြင်းသာဖြစ်ပါတယ်။ 

အခြားသောသတင်းတွေကတော့ ဗွီဒီအေမြန်မာပိုင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်ကဖော်ပြခဲ့တဲ့ “KNU ဌာနချုပ်ရှိရာနယ်မြေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ဖို့ ပြင်နေသလာ”ဆိုတဲ့ သတင်း၊ လွတ်လပ်တဲ့မြန်မာ့အသံကဖော်ပြခဲ့တဲ့ “ပူဂင့်ကမ်းလျန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ပြန်လည်ဖယ်ရှား”၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အင်တာနက်ဖြတ်တောက်ခံရသည့် ဒေသအချို့တွင် အင်တာနက် ရရှိအောင် လုပ်ဆောင်နေဟု NUG ပြော” စတဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေ ခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

ထိုင်းနဲ့ စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန် တပ်သား ၆,၀၀၀ ကျော် ထိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို လာရောက်မယ့် အကြောင်းအပါအဝင် မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြရာမှာ “မြန်မာနိုင်ငံကို အမေရိကန်တပ်သား ၅၀၀၀ လာမယ်”ဆိုတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ 

Avatar

Title:Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *