Fact Check: လှည်းကူးမှာ မိသားစုလိုက်သတ်ဖြတ်ခံရမှု အကြွေးမပေးချင်လို့ သရုပ်ဆောင်မြနှင်းရီလွင်စေခိုင်းတဲ့ သတင်းတု

လှည်းကူးမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ သရုပ်ဆောင်မြနှင်းရီလွင်က အကြွေးမဆပ်ချင်လို့ အသတ်ခိုင်းတာလို့ဆိုတဲ့ ပို့စ်တစ်ခုကို  စစ်တပ်ထောက်ခံရေး ဝါဒဖြန့်ချိမှု တယ်လီဂရမ်အကောင့်တွေမှာ မျှဝေနေတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကို တိုက်ခိုက်ထားတဲ့ သတင်းတုသာဖြစ်ပါတယ်။  အောက်ပါ screenshot ကတော့ “မှိင်း ဝေ”အမည်နဲ့ စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရမ်အကောင့်မှာ ဖော်ပြချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Telegram link |  Archive link   အခြားသော တယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုးရဲ့ မိသားစုဝင်တွေဖြစ်ပြီး စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီးတွေက […]

Continue Reading

Fact Check: မင်းကိုနိုင်ကို ဖမ်းမိပြီ၊ကြိုးပေးသတ်မယ်ဆိုတဲ့ သတင်းမှား

စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာ MRTV သတင်းနောက်ခံနဲ့ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို စစ်ကောင်စီက ဖမ်းမိပြီ ၁၈ ရက်နေ့ ပြည်သူရှေ့မှာ ကြိုးပေးသတ်ပြမယ် ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ယူကျု့ချယ်နယ်တစ်ခုမှာ ဖြန့်ဝေရာမှာ ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “စိတ်ခိုင်မှကြည့်ကြပါ။ မင်းကိုနိုင်ကိုဖမ်းမိသွားပြီ၊ကိုဂျမီတို့လိုကြိုးမိန့်တဲ့” “ပြည်သူတွေရင်ကြိုးရပြန်ပြီ မင်းကိုနိုင်ကိုဖမ်းမ်ပြီ ၁၈ ရက်နေ့ ပြည်သူရှေ့ ကြိုးပေးသတ်ပြမယ်တဲ့”စသည် ဖြင့် ရေးသားကာ “Daily  News Myanmar”အမည်နဲ့ ယူကျု့ချယ်နယ်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –Youtube link|  Archive link အချက်အလက်စိစစ်ချက် ၆မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “မင်းကိုနိုင်ကိုဖမ်းမိပြီ၊ […]

Continue Reading

Fact Check: တရုတ်မှာ အဆောက်အဦးဖြိုချမှုဗွီဒီယိုကို တူရကီမှာ ငလျင်ကြောင့် ပြိုကျမှုအဖြစ် ဖြန့်ဝေ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ  မြေငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဆိုပြီးတော့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အက်ကွဲနေတဲ့ လမ်းမတွေ၊ ပြိုကျသွားတဲ့အဆောက်အဦးတစ်လုံး၊ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျမှုမြင်ကွင်းစတဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေပါဝင်ပြီး စုစုပေါင်း ၂ မိနစ် ၅၀ စက္ကန့်ရှည်လျားပါတယ်။ ဒီပို့စ်ကို တူရကီငလျင်ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်က မျှဝေထားရာမှာ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၂၅၀၀၀ က ပြန်လည်မျှဝေထားပြီး ကြည့်ရှု့မှုပေါင်း သန်းချီရှိပါတယ်။  “တူရကီနိုင်ငံနှင့်ဆီးရီးယားတို့တွင် ကမ္ဘာ့အကြီးမားဆုံး မြေငလျင်လှုပ်ခတ်ခြင်း 6•2•2023”စသည်ဖြင့် ရေးသားလျှက် “ဘုရားတရားသံဃာ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link […]

Continue Reading