Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု
NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။ “အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း […]
Continue Reading