Fact Check: ဗိုလ်ချုပ်ကြီး ၂ ဦးကိုပစ်သတ်ပြီး စစ်သား ၃၂၀ ကို AA ဖမ်းဆီးထားတဲ့ သတင်းမှား
မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့် ၂ ဦးကို ရခိုင့်တပ်တော်-AA က ပစ်သတ်လိုက်ပြီး စစ်သား ၃၂၀ ကို အရှင်ဖမ်းဆီးထားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ခေါင်းစဉ်တု အသုံးပြုပြီး လူတွေစိတ်ဝင်စားမှုရယူထားတဲ့ သတင်းမှားပို့စ်တစ်ခုသာဖြစ်ပါတယ်။ “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ “လုပ်ရင်ပြတ်ပြတ်ပဲဟေ့#ရခိုင်ပြည်က စကစခန့် ဝန်ထမ်း အားလုံးဖမ်းမိန့်ပေးပြီ”စသည်ဖြင့်ရေးသားလျှက် ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူမှုပေါင်း ၇ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပြီး ဗွီဒီယိုကို ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဘာသာပြန်ဆောင်းပါး အဖြစ်ဖော်ပြခဲ့တဲ့ […]
Continue Reading