Fact Check: တရုတ်ကကန့်ကွက်လို့ မြန်မာစစ်တပ်ကကျင်းပမယ့်ရွေး‌ကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ကကန့်ကွက်တာကြောင့် မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနောက်ဆုတ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရပြီ” စသည်ဖြင့်ရေးသားပြီး “A Sone Thi”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို Khit Thit Journal အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တရုတ်က ကန့်ကွက်လို့ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည် လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေဖြစ် ဝမ်ယိနဲ့ ဝန်ကြီးချုပ် လီခကျန် ဓာတ်ပုံတွေ အသုံးပြုထားတာကလွဲလို့ တရုတ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်းတစ်စုံတစ်ရာမပါဝင်ပါဘူး။  ဗွီဒီယိုတစ်ခုလုံးဟာ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading