Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်လို့ မြို့နယ် ၅ ခုမှာ အောင်ပွဲခံကြတယ် ဆိုတဲ့သတင်းမှားဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အမေရိကန်နဲ့ NUG အရေးပေါ်ကြေညာ”စသည်ဖြင့်ရေးသားထားသလို “တော်လှန်ရေးကာလပြီးဆုံးပြီဟု ယာယီသမ္မတအရေးပေါ်ကြေညာ မြို့နယ် ၅ ခုမှာ အောင်ပွဲခံပြီ ““The Mercerneries ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် ဆွေးနွေးမှုနဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ NUG ပူးတွဲကြေညာချက်မတွေ့ရသလို ဒီလို EU ကိုယ်စားလှယ်နဲ့ဆွေးနွေးမှုဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ […]

Continue Reading

Fact Check: KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမှား

KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရ၊ပွဲချင်းပြီး မသာပေါ်” စသည်ဖြင့်ရေးသားပြီး “Appreciate news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ စီးနင်းလိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းမှားဟာ ဖေ့စ်ဘွတ်မှာ ပျံံနှံ့မှုအားကောင်းခဲ့ပြီးနောက် အခုလို KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့မိုင်းဆွဲခံရပြီးသေဆုံးဆိုပြီးထပ်မံဖြန့် ဝေလာတာပါ။ ဧရာဝတီသတင်းဌာနက KNU ဥက္ကဌနဲ့ […]

Continue Reading