Fact Check: ဒု-ဗိုလ်ချုပ်မှူးကြီးစိုဝင်း ရာထူးမှ ထုတ်ပယ်ခံရတဲ့ သတင်းမှား

စစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရာထူးကနေ ဖြုတ်ချခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေနေတဲ့ ယူကျူ့အကောင့်ဟာ မီဒီယာတွေနဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို လူတွေ စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုတွေပေးပြီး ပြန်လည်ဖြန့်ဝေနေတဲ့ ချန်နယ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရာထူးကဖယ်ရှားခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။ ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာဟာ People Spring သတင်းဌာနက မတ် ၂၉ ရက်ကဖော်ပြခဲ့တဲ့ “စလင်းမြို့နယ် ကင်မွန်းချုံရွာတိုက်ပွဲ […]

Continue Reading

Fact Check: ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ သတင်းတု

ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အပါအဝင် ဘယ်သူနဲ့မှ ပေးတွေ့ခဲ့ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ NLD ပါတီကို ဖျက်သိမ်းမှုဟာ မြန်မာနိုင်ငံအကြပ် အတည်းကိုဖြေရှင်းဖို့ ပိုဆိုးရွားစေတယ်လို့  ဂျပန်အစိုးရထုတ်ပြန်ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။  အခု ဗွီဒီယိုပါသတင်းကတော့ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Ludunwayoo |  Archive link ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါ အခြားသော […]

Continue Reading