Fact Check: သင်္ကြန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်တဲ့သတင်းပေါက်ကြား ဆိုတဲ့ သတင်းတု

သင်္ကြန်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သေဆုံးသွားခဲ့တဲ့ သတင်းပေါက်ကြားလာတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို မျှဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ဖြစ်တယ်။ “Page 191”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “သင်္ကြန်ပြီးမတရားဝင်ကြေညာမဲ့အမေစုသတင်း”လို့ရေးသားမျှဝေထားပြီး ဗွီဒီယိုထဲမှာတော့ ‌ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံတို့နဲ့အတူ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာတော့ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ဧပြီ ၄ ရက်က မြန်မာနောင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။   ဘီဘီစီ […]

Continue Reading