Fact Check: တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု
တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းဖို့အမိန့်ချလိုက်လို့ ပြည်သူတွေ ပျော်ရွှင်နေကြတယ် လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မြန်မာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရှိတာတွေ့ရပါတယ်။ အောက်ပါဓာတ်ပုံကတော့ မြန်မာအရေးတရုတ်နဲ့အမေရိကန်ပူးတွဲအမိန့်ချလို့ တစ်နိုင်ငံလုံးထခုန်နေကြပြီလို့ ရေးသားမျှဝေထားတဲ့ ပျံ့နှံ့မှုကောင်းနေတဲ့ ဗွီဒီယိုပို့စ်ကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ ပူးပေါင်းဖြေရှင်းသွားမှာ သေချာရဲ့လား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဆောင်းပါးထဲမှာတော့ အမေရိကန်အနေနဲ့ မြန်မာအရေးမှာ တရုတ်နဲ့ပူးပေါင်းဖြေရှင်း လိုတယ်ဆိုပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံခြင်းကနေ အကျိုးအမြတ်တွေရနေတဲ့ တရုတ်က […]
Continue Reading