Fact Check: KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်မှာ သေဆုံးတဲ့ သတင်းမှား
KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဧပြီ ၁၉ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ စစ်တပ်ခေါင်းဆောင်နဲ့ KNU ဥက္ကဌ တွဲထိုင်နေတဲ့ ဓာတ်ပုံ၊ ဆေးရုံကုတင်ပေါ်တင်ထားရတဲ့ KNU ဥက္ကဌရဲ့ ဓာတ်ပုံတွေပါဝင်ပြီး “၁၉ ရက်နေ့ ၊ သေမင်းခေါ်ပြီဗျို့၊ မင်းအောင်လှိုင်နဲ့ ပေါင်းစားနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ”(မူရင်းအရေးအသား) လို့ ရေးသားထားပါတယ်။ ဗွီဒီယိုခေါင်းစီးစာသားမှာတော့ “#Up to Date :; ထိုင်းနိုင်ငံမှာ KNUဥက္ကဋ္ဌကြီး သေမင်းခေါ်တာ ခံရပြီဗျို့ #burma #သတင်း”ဆိုပြီး ရေးသားထားပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading