Fact Check: ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တဲ့ သတင်းမှား

မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်လိုက်တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သတ်ပြီး လက်ရှိ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတရာချမှတ်ခြင်းမရှိပါဘူး။  “မနေ့ကလုပ်တဲ့အာဆီယံအစည်းအဝေးဆုံးဖြတ်ချထွက်လာပြီ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာရေးသားထားပြီး “၃ ရက်အတွင်းအာဏာလွှဲဖို့ မအလကို အာဆီယံအမိန့်ချပြီ”လို့လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရေးသား ထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ဒီလိုဆိုလိုထားတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အာဆီယံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို asean.org မှာတွေ့နိုင်ပါတယ်။ တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က […]

Continue Reading

Fact Check: ရန်ကုန်ကို မုန်တိုင်းစတိုက်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြေရှိတဲ့ သတင်းဟာ ဒီရက်ပိုင်းအတွင်းမှာ ရေပန်းစား နေပါတယ်။ ဒီလိုခြေအနေမှာ ရန်ကုန်မှာ မုန်တိုင်းဝင်နေပြီဆိုတဲ့ ဗွီဒီယို ယူကျူ့မှာဖြန့်ဝေထားတာမှာ ဝင်ရောက်ကြည့်ရှူ့မှု များပြားလျက်ရှိပါတယ်။   “ရန်ကုန်ဆိပ်ကမ်း စတိုက်နေပြီး အိမ်တွေပါကျွတ်ထွက်ကုန်ပြီ (ဘေးကင်းကြပါစေ)”လို့ရေးသားထားပြီး ဗွီဒီယိုထဲမှာ လေပြင်းတိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်းပါဝင်ပါတယ်။  ကြည့်ရှူ့မှုများပြားနေတဲ့  ယူကျူ့ မှာတင်ထားတဲ့ ဗွီဒီယိုရဲ့ စရင်ရှော့ဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link ဒီရုပ်သံဖိုင်မှာလေပြင်းတိုက်ခိုက်မှုကြောင့် အိမ်တွေပေါ်ကဖြတ်ပြီး အမှိုက်သရိုက်နဲ့ သဲ၊ဖုန်တွေ လွင့်နေတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပြီး ၂၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ ရုပ်သံမြင်ကွင်းဟာ ၂၀၂၃ ခုနှစ် ဧပြီ […]

Continue Reading