Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား
နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။ ၆ မိနစ်ကျော်ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ […]
Continue Reading