Fact Check: လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲခံရသူ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသူ ကောင်းဇာ နည်ဟိန်းရဲ့ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိ တာတွေ့ရပါတယ်။ အမှန်တကယ်မှာ  စစ်တပ်ထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ အောက်ပါစခရင်‌ရှော့ခ်ကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်ဖြစ်ပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဖမ်းမိချိန်ဖော်ကောင်လုပ်လို့ဆိုပြီး အကြမ်းဖက် NUG pdfက  လိုက်ရှင်းနေပြီ ဒေါ်လီလီနိုင်ကျော် အား သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း ၏ အမေ နှင့် အမ ဖြစ်သူ နှစ်ဦးကို ယမန်နေ့ညနေ့က ၎င်းတို့နေထိုင်ရာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာရှိ ၎င်း နေအိမ်တွင် အသတ်ခံရ ။” မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘော တူညီချက် ၃ ချက်ရရှိကြောင်း စကစ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ လာရောက်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘောတူညီချက် ၃ ချက်ရရှိကြောင်း စကစ(စစ်ကောင်စီ) ကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်စုကို မင်းအောင်လှိုင်နဲ့ စိုးဝင်း ၂ယောက်စလုံး သွားတွေ့ပြီး တောင်းပန်”လို့ရေးသားထားသလို ဗွီဒီယိုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံမှုအပြီး သဘောတူညီချက် ၃ ချက်ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးမယ်လို့ စစ်ခေါင်းဆောင်က ကြေညာခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ယူကျူ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ […]

Continue Reading

Fact Check: စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ လုပ်ကြံသတ် ဖြတ်ခြင်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “PDFတွေကိုဖမ်းချင်တဲ့ရန်ကုန်ဝန်ချုပ်ဦးဝင်းအောင်နဲ့ခွေး(၅)ဦးကို ဖရဲသီးနဲ့မျှားခေါ်ရှင်းလင်းခံရ”လို့ ဗွီဒီယိုပို့စ်မှာရေးသားထားပြီး ဗွီဒီယိုထဲမှာလည်း အလားတူရေးသားမျှဝေထားရာမှာ ဒီယူကျူ့ဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း တစ်သိန်း နှစ်သောင်းကျော်ရှိပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဒီလိုရေးသားမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် လက်ရှိ စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ဦးစိုးသိန်းဖြစ်ပါတယ်။ ထို့အပြင် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြခဲ့တဲ့ ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက တိုက်ခန်းတွေမှာ စစ်ဗိုလ်တွေနဲ့ တိုက်ပွဲများအတွင်း ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ […]

Continue Reading