Fact Check: BGF ဗိုလ်မှူးကြီး စောချစ်သူ လက်နက်ချအလင်းဝင်ပြီး KNU နဲ့ပူးပေါင်းလိုက်တဲ့ သတင်းတု

BGF ဗိုလ်မှူးကြီး စောချစ်သူ KNU ဆီလက်နက်ချအလင်းဝင်ပြီး ပူးပေါင်းလိုက်တဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “June 27, 2023 စောချစ်သူ KNU နဲ့ပူးပေါင်းလိုက်ပြီ”လို့ ဗွီဒီယိုခေါင်းစီမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “BGF ခေါင်းဆောင်စောချစ်သူ KNU ထံလက်နက်ချ အလင်းဝင်ပြီ စစ်တပ်ကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ” စသည်ဖြင့်လည်းရေးသားထားပါတယ်။ အလားတူရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ မူရင်းလင်ခ့် – Youtube  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ သတင်းမီဒီယာတွေဆီက သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်တယ်။ “Share Local […]

Continue Reading

Fact Check: တပ်မ ၉၉ တပ်ရင်းလိုက် ကိုးကန့် MNDAA ထံအလင်းဝင်တဲ့ သတင်းတု

တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တပ်မ ၉၉ က တပ်သားတယောက် အလင်းဝင်သွားတာကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “June 26, 2023 တပ်မ (၉၉) တပ်ရင်းလက်နက်ချအလင်းဝင်ကုန်ပြီဗျို့”လို့ ‌ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ မှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန်လ ၂၀ ရက်က စစ်ကောင်စီရဲ့တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သား သန်းထိုက် […]

Continue Reading

Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။ အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်  မင်းအောင်လှိုင်ကြေညာဆိုတဲ့ […]

Continue Reading