Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့က လှူမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဗွီဒီယိုဟောင်းတခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ကရယူထားခြင်း ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”လို့ ရေးသားထားပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ နှစ်ယောက် ပြောဆိုနေတဲ့ ဗွီဒီယိုကို မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez မသေခင်ရေးခဲ့တဲ့ စာလား – မဟုတ်ပါ

ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့ စာဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အိန္ဒိယရုပ်ရှင် သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီ(Sonali Bendre)ရဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့ ကမ္ဘောကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ရယ်လို့ မတွေ့ရပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ် ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အစာအိမ်ကင်ဆာဖြင့် အသက် ၄၀ တွင် မသေဆုံးမီ ကမ္ဘာကျော် ဒီဇိုင်နာနှင့် စာရေးဆရာ “Crisda Rodriguez” က ရေးသားခဲ့သည် 1. ကျွန်တော့်ကားဂိုဒေါင်မှာ ကမ္ဘာ့စျေးအကြီးဆုံး ကားတစ်စင်းရှိခဲ့ပေမယ့် အခု ကျွန်တော် ဘီးတပ်ကုလားထိုင်နဲ့ ရွေ့နေရပါပြီ။ 2. […]

Continue Reading

Fact Check: iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်ဆိုတဲ့ သတင်းတု

iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကပေးမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြီးခဲ့တဲ့ ၃ နှစ်က ဗွီဒီယိုဟောင်းတစ်ခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ […]

Continue Reading

Fact Check: ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန် ထုတ်တဲ့သတင်းတု

ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရကြောင်း သတင်း ဌာနများက အတည်ပြုကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှု အား ကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ”  လို့ ရေးသားထားပြီး “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ “News In […]

Continue Reading

Fact Check: မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတဲ့ သတင်းတု

မြေနီကုန်းမှတ်တိုင်မှာ YBS ယာဉ်လိုင်းအမှတ် ၂၁ ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ YBS ၂၁ ယာဉ်လိုင်းက  ယာဉ်တစီး မြေနီကုန်းမှတ်တိုင်မှာ မီးလောင်မှုသတင်းကို ခေါင်းတုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် Share Local Media အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ အခုလည်း မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ယာဉ်လိုင်း ယာဉ်တစီး ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် […]

Continue Reading

Fact Check: စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ဆိုတဲ့ သတင်းတု

စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန်က လက်ရှိစစ်ခေါင်းဆောင်ကို ဝေဖန်မှုဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့သူများလျှက်ရှိပါတယ်။ ဒီလိုဝေဖန်တဲ့အတွက်လည်း စစ်တပ်က ဦးသိန်းစိန်ကို ဖမ်းဆီးဖို့လုပ်နေတယ်လို့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကို ဖြန့်ဝေရာမှာလည်း ရေးသားထားတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ အခုဖြန့်ဝေနေတဲ့ “7days media”အမည်နဲ့ ယူကျူချန်နယ်ဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး သတင်းမီဒီယာတွေမှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြနေတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading

Fact Check: မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရတဲ့ သတင်းတု

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးနဲ့ ဇနီး ပစ်သတ်ခံရတယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေကြား ဖြန့်ဝေလျက်ရှိတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မပခ တိုင်းမှူးနဲ့ဇနီး ဗျင်းခံရ / အရေးပေါ်သတင်း” ဇူလိုင် ၂၁ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီယူကျူ့ ဗွီဒီယိုကို လက်ရှိအချိန်အထိ ၂၁၀၀၀ ‌ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ မပခလို့ အတိုခေါက်အားဖြင့် ခေါ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ကို နေပြည်တော်က လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖော်ပြချက်ရှိပေမဲ့ ဒီလိုမျိုး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမရှိပါဘူး။  […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို […]

Continue Reading

Fact Check: အင်းစိန်ထောင်ပေါက်ကွဲမှု ဒေါ်အောင်ဆန်းစုကြည်သေဆုံးတဲ့ သတင်းတု

အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း ထောင်မှူးအတည်ပြုတယ်လို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွား အမေစုသေဆုံးကြောင်းထောင်မှူးအတည်ပြု”စသည်ဖြင့် ဗွီဒီယို အဖွင့် ရုပ်ကတ်မှာ ရေးသားထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူး ယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တု ခေါင်းစဉ်မှားတွေ တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ ရပါတယ်။  အခုလို အင်းစိန်‌ထောင် ဗုံးပေါက်မှု ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပါ အကြောင်းအရာဟာ မြိုင်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ […]

Continue Reading

Fact Check: NUG ကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အောက်လွှတ်တော်အတည်ပြုခဲ့သလား-မဟုတ်ပါ

NUGကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အမေရိကန် အောက်လွှတ်တော်က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ အတည်ပြု လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ NUG ရဲ့အကူအညီတောင်းခံမှုသတင်းကို အမေရိကန် လွှတ်တော်က အတည်ပြု လိုက်တယ်ဆိုပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUGကို ဒေါ်လာ သန်း၅၂၅ ပေးဖို့ အောက်လွှတ်တော် အတည်ပြုပြီ 18July 2023” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖော်ပြနေတဲ့ ဗွီဒီယိုပါ အကြောင်းအရာဟာ […]

Continue Reading