Fact Check: ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ဆိုတဲ့ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ မွတ်ဆလင်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဘုန်းကြီးအပြီးဝတ်တော့မယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒို ခေါင်းတုံးတုန်းပြီး သင်္ကန်းရုံထားတဲ့ ဓာတ်ပုံနဲ့အတူ အေးချမ်းလှတဲ့ ထေရဝါဒသာသနာလို့ သိလိုက် ရလို့ မြန်မာနိုင်ငံမှာပဲ တသက်လုံးနေတော့မယ်လို့ ရော်နယ်ဒိုက ပြောကြောင်းလည်း ဖြန့်ဝေနေတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ တူညီတဲ့ရေး သားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းတယ်ဆိုတဲ့ အထောက်အ ထားမတွေ့ရချိန်မှာ သူဟာ ကတ်သလစ် ခရစ်ယာန်ကို ယုံကြည်သက်ဝင်ပြီး ဘုရားကျောင်းကို […]

Continue Reading

Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု

ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်မှာ စစ်အစိုးရကြေညာလိုက်ပြီလို့ဆိုထားတဲ့ သတင်းခေါင်း စဉ်တု ဗွီဒီယိုပို့စ်တခု ဩဂုတ် ၁၉ ရက်က ယူကျု့မှာ ဖြန့်ဝေထားရာမှာ ကြည့်ရှု့မှုများပြားလျက်ရှိတယ်။  အောက်ပါစခရင်ရှော့ကတော့ ယူကျူ့ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေနေတာကို ရယူထားခြင်းဖြစ်တယ်။ မူလယူကျူ့ ဗွီဒီယိုကို ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလိုရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀၀ တန် ဖျက်သိမ်းတဲ့ အကြောင်းအရာမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ […]

Continue Reading