Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံလိုက်တယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံလေတပ်ရဲ့ အခမ်းအနားတခုက ဓာတ်ပုံကို ပြုပြင်ထားခြင်းဖြစ်တယ်။ အောက်ပါကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ”  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလည်း ဓာတ်ပုံစာသားနေရာမှာ “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” လို့ဆိုပြီးရေးသားထားပေမဲ့ မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ဖတ်ရှူ့မယ်ဆိုရင် မသက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရောက်ရှိသွား ပါတယ်။ သတင်းဓာတ်ပုံမှာဖော်ပြထားတဲ့ ဒေါက်တာဆာဆာ လေယာဉ်အစီး ၈၀ လက်ခံတဲ့အကြောင်းမဟုတ် သလို […]

Continue Reading

Fact Check: နေပြည်တော် ပျဉ်းမနားမြို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီနယ်မြေဖြစ်တဲ့ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ခံလိုက်ရပြီဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခုဖြန့် ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။သတင်းတုဖြစ်ပါတယ်။ ဒီလို သိမ်းပိုက်မှုမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီဘက်မှ အမျးအပြားသေဆုံးခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုများအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားရေးညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များပါဝင်ကြောင်းလည်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၉)ရက်နေ့ နေပြည်တော်မှာ PDFအလံထောင်လိုက်ပြီ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ပြီဗျိူ့ KIA,NUG,PDF,KNU တပ်သူသေကိုယ်သေချပြီ ဗိုလ်မှူးများ၊ဗိုလ်ကြီးများနဲ့စစ်ခွေးအများအပြားသေဆုံး” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဩဂုတ် ၂၉ ရက်မှာ မျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။၂၈ ရက်ကလည်းတကြိမ် ဒီဗွီဒီယိုမျှဝေမှုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading