Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အနားယူတော့မယ်လို့ တရားဝင်ကြေညာလိုက် တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ […]

Continue Reading