Fact Check: အိပ်ယာဝင် အင်္ကျီ၊ လုံချည်နဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံက မဟုတ်ပါ

အမျိုးသမီးတွေဝတ်ဆင့်လေ့ရှိတဲ့ အိပ်ယာဝင် အင်္ကျီနဲ့ နိုင်ငံခြား သားတွေကို မြန်မာနိုင်ငံကဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ကမ္ဘာပတ်နေတဲ့ လူလည်တွေ.. မြန်မာနဲ့တွေ့မှ ဂျင်းမိတော့တယ် မဆိုးပါဘူး အပွင့်လေးတွေနဲ့” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံနဲ့အတူ မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အိပ်ယာဝင်ဝတ်စုံနဲ့ အမျိုးသား ၃ ဦးဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့် ရာမှာ ဗီယက်နမ်နိုင်ငံကဖြစ်တာတွေ့ ရပါ တယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: NUGကိုအာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကြေညာတဲ့သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုး (NUG )ထံကို အာဏာလွဲအပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေတာသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၅)ရက်နေ့ သတင်းထူးကြီး မအလလေသံပြောင်းပြီဟေ့ NUGကို အာဏာလွှဲအပ်ရန် မအလကိုယ်တိုင် အတိအလင်းကြေညာလိုက်ပြီ”လို့ဆိုပြီး “Up to Date”အမည်နဲ့ ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG )ထံကို အာဏာလွှဲ အပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထုတ်ပြန်ကြေညာတယ်လို့ဆိုတဲ့ သတင်း ကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading