Fact Check: အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်း‌မီဒီယာတွေမှာဖော်ပြထားတဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ အခြားသော သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  တကယ်တော့ ဗွီဒီယိုတွေအကြောင်းအရာဟာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube | Archive link အလားတူပဲ နေပြည်တော်ကို PDF တွေဝင်စီးနေပြီဆိုပြီးတော့ ရေးသားမျှဝေထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ပြောဆိုချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ “News In Burmese” ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းအကြောင်း အရာတွေ သို့မဟုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တော်လှန်‌ရေးအတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်မျှဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar အနေနဲ့ […]

Continue Reading