Fact Check: စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးပြောပြီး သံတမန် အဆက်အသွယ်ဖျက်တဲ့ သတင်းတု

စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးချုပ်သစ်ကပြောပြီး သံတမန်အဆက်အသွယ်ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုဟာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)ဓာတ်ပုံနဲ့အတူ “စစ်ကောင်စီဟာ တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီး အသစ် ပြောလိုက်ပြီ သံတမန်ရေးဖြတ်တောက်ကုန်ပြီဝေ့”စသည်ဖြင့် ရေးသားဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။  ဗွီဒီယိုပါသတင်းဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာန က မြန်မာဘာသာနဲ့ စက်တင်ဘာ ၁၆ ရက်ကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတာတွေ့ရပါတယ်။ မြန်မာ့အရေး အတွက် လိုအပ်ရင် […]

Continue Reading