Fact Check: စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးပြောပြီး သံတမန် အဆက်အသွယ်ဖျက်တဲ့ သတင်းတု

စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးချုပ်သစ်ကပြောပြီး သံတမန်အဆက်အသွယ်ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုဟာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)ဓာတ်ပုံနဲ့အတူ “စစ်ကောင်စီဟာ တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီး အသစ် ပြောလိုက်ပြီ သံတမန်ရေးဖြတ်တောက်ကုန်ပြီဝေ့”စသည်ဖြင့် ရေးသားဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။  ဗွီဒီယိုပါသတင်းဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာန က မြန်မာဘာသာနဲ့ စက်တင်ဘာ ၁၆ ရက်ကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတာတွေ့ရပါတယ်။ မြန်မာ့အရေး အတွက် လိုအပ်ရင် […]

Continue Reading

Fact Check: ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲမှုဆိုတဲ့ သတင်းတု

ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲတိုက်ခိုက်ပြီး သာသနာကို တိုက်ခိုက်နေတယ် လို့ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဩဂုတ် ၂၈ ရက်ကဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကဖြစ်တယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့က ABSDF နဲ့ PDF ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းက အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီ အပါအဝင် အခြားဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများ […]

Continue Reading

Fact Check: အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်း‌မီဒီယာတွေမှာဖော်ပြထားတဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ အခြားသော သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  တကယ်တော့ ဗွီဒီယိုတွေအကြောင်းအရာဟာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube | Archive link အလားတူပဲ နေပြည်တော်ကို PDF တွေဝင်စီးနေပြီဆိုပြီးတော့ ရေးသားမျှဝေထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ပြောဆိုချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ “News In Burmese” ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းအကြောင်း အရာတွေ သို့မဟုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တော်လှန်‌ရေးအတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်မျှဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar အနေနဲ့ […]

Continue Reading

Fact Check: တက်သစ်စ အဆိုတော် Anonimus နဲ့ ပတ်သက်တဲ့ သတင်းတု တွေဖြစ်တယ်  

တက်သစ်စ မြန်မာလူငယ်အဆိုတော် Anonimus ရဲ့ သီချင်းတွေဟာ ‌အင်္ဂလိပ်-အိုင်းရစ် အဆိုကျော် One Direction အဖွဲ့ကို ကျောက်တက်သွားပြီဆိုတဲ့ သတင်းတုကစလို Anonimus ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွေးနေ့ပွဲမှာ ဖျော်ဖြေဖို့ သိန်း ၈၀၀ နဲ့ ဖိတ်ကြားထားတယ်အလယ်၊ အမေရိကန်ကုမ္ပဏီကြီး တွေက အဆိုတော် Anonimus ကို ကမ်းလှမ်းလာတယ်ဆိုတဲ့ သတင်းအဆုံး  သတင်းတုပို့စ်တွေ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစခရင်ရှော့ဖြစ်တယ်။   မူရင်းလင်ခ့် – Fb link | Archive link အခြားသော ရေးသားဖြန့်ဝေမှုတွကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ အောက်ကတော့ “Cele Corner […]

Continue Reading

Fact Check: နေပြည်တော်မှာ တပ်ရင်းလိုက်ထွက်ပြေးတဲ့ သတင်းခေါင်းစဉ်တု

နေပြည်တော်မှာ တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးမှုဖြစ်ပွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။  ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “Khit Thit အတည်ပြုကြေညာလိုက်ပြီ နေပြည်တော် အထိုင်တပ်ရင်းတခုလုံး ညကတပြိုင်နက် ထွက်ပြေး ကုန်ပြီ” စသည်ဖြင့်ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၁၂ ရက်မှာ မျှဝေထားရာမှာ နာရီပိုင်းအတွင်း ဒီဗွီဒီယို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတဘ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု […]

Continue Reading

Fact Check: စစ်ကောင်စီ ရဟတ်ယာဉ်၊လေယာဉ်ပစ်ချမှုဆိုတဲ့ သတင်းတုတွေဖြစ်တယ်

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ လေယာဉ်တွေ ပစ်ချခံရတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နိုင်မှုအားသာချက်ကို အသုံးပြုပြီး နိုင်ငံအနှံ့က တော်လှန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်နေရတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်‌ဘေးရှောင်တွေ ထိခိုက်သေကြေရမှုဟာ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း ခေါင်းခဲစရာကိစ္စရပ် တခုပါ။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “(၇)ရက်နေ့ မနက်ခင်းအထူးသတင်း KIA ဝေဟင်ပစ်လက်နက်နဲ့ Mi-35 ရဟတ်ယာဉ် ပစ်ချခံရ လေဘဲဗိုလ်အပါ စစ်ခွေး(၃၀)ဦးသေဆုံး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ TNLA ကရဟတ်ယာဉ်ပစ်ချလိုက်တယ်၊ ရန်ကုန်မှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ပေါ်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်ဆိုတဲ့ သတင်းမှားများ

ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မှာ တိုက်ပွဲတွေပြင်းထန်နေပြီလို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “မနက် ၅ နာရီ မှာ နေပြည်တော် ဝင်စီးခံရ စစ်တပ်ထိပ်ပိုင်း ၆ ဦးပွဲချင်းပြီး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရန်ကုန်နဲ့ မန္တလေးမြို့ ကို PDF တွေဝင်စီးနေပြီလို့ ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရမှာဖြစ်တယ်။ စက်တင်ဘာ ၆ ရက်နေ့က 7days media အမည်နဲ့ […]

Continue Reading

Fact Check: အိပ်ယာဝင် အင်္ကျီ၊ လုံချည်နဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံက မဟုတ်ပါ

အမျိုးသမီးတွေဝတ်ဆင့်လေ့ရှိတဲ့ အိပ်ယာဝင် အင်္ကျီနဲ့ နိုင်ငံခြား သားတွေကို မြန်မာနိုင်ငံကဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ကမ္ဘာပတ်နေတဲ့ လူလည်တွေ.. မြန်မာနဲ့တွေ့မှ ဂျင်းမိတော့တယ် မဆိုးပါဘူး အပွင့်လေးတွေနဲ့” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံနဲ့အတူ မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အိပ်ယာဝင်ဝတ်စုံနဲ့ အမျိုးသား ၃ ဦးဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့် ရာမှာ ဗီယက်နမ်နိုင်ငံကဖြစ်တာတွေ့ ရပါ တယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: NUGကိုအာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကြေညာတဲ့သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုး (NUG )ထံကို အာဏာလွဲအပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေတာသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၅)ရက်နေ့ သတင်းထူးကြီး မအလလေသံပြောင်းပြီဟေ့ NUGကို အာဏာလွှဲအပ်ရန် မအလကိုယ်တိုင် အတိအလင်းကြေညာလိုက်ပြီ”လို့ဆိုပြီး “Up to Date”အမည်နဲ့ ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG )ထံကို အာဏာလွှဲ အပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထုတ်ပြန်ကြေညာတယ်လို့ဆိုတဲ့ သတင်း ကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading