Fact Check: သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုးကွယ်တဲ့ သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီလို့  ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တာတွေ့ရတယ်။ 

နိုဝင်ဘာ ၂ ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၂၇၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ 

“မင်း‌အောင်လှိုင် ကိုယ်ကွယ်တဲ့ သီတဂူ

ဆရာတော် ဘုန်းကြီး နာရေးသတင်းကြီး”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု၊ သတင်းမှားတွေ ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ 

အခုလည်း ဒီချန်နယ်ဟာ သီတဂူဆရာတော်ကြီးဟာ လုံးဝအခြေအနေမဟန်တော့ဘူးလို့ ကြားသိရကြောင်းနဲ့ လွန်ခဲ့တဲ့ ၃ လအတွင်းမှာ နိုင်ငံတကာကို လှည့်လည်ပြီး ဆေးဝါးကုသမှုခံယူခဲ့ရကြောင်း အခြေအနေဟာ ထူးခြားမလာခဲ့ကြောင်းဖော်ပြပါတယ်။ 

သီတဂူဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ “သီတဂူဆရာတော်ဓမ္မသဘင် – LIVE” ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၂၅ ရက်နေ့မှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံထဲမှာတော့  မျက်စိဝေဒနာရှင်တွေနဲ့ တွေ့ဆုံနေတဲ့ သီတဂူဆရာတော်ကို ကျန်းမာတဲ့ ပုံစံနဲ့ တွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

C:\Users\User\Downloads\Untitled2.jpg

သုံးသပ်ချက်

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု၊ သတင်းမှားတွေ ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ သီတဂူဆရာတော်ကို ကျန်းမာရေးမကောင်းဖြစ်နေပြီး အခြေအနေဆိုးရွားနေတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီ

Avatar

Title:Fact Check: သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *